စိတ်ဝင်စားစရာ ဖီဘိုနာစီ ပုံစံလေးတွေ
လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်နီးပါးက အိန္ဒိယပညာရှင် ဟေမာချန်ဒရာဟာ စိတ်ဝင်စားစရာကောင်းတဲ့ နံပါတ်စဉ်ကို ရှာတွေ့ခဲ့တယ်။ ဆယ်စုနှစ် တစ်ခုအကြာမှာတော့ ဖီဘိုမာစီဆိုတဲ့ အီတာလျံ သင်္ချာပညာရှင်က ဒီအကြောင်းကို စူးစမ်းမိတယ်။ သဘာဝတရားနဲ့ဒီကိန်းဂဏာန်းတွေ ဆက်စပ်နေတာကို ရှာတွေ့ပြီး ဖီဘိုနာစီ နံပါတ်စဉ်လို့ ခေါ်ခဲ့ကြတယ်လေ။ ပန်းတွေမှာ၊ ခရုခွံတွေထဲမှာ၊ ကြက်ဥမှာ၊ သစ်စေ့တွေမှာ၊ ကြယ်တွေမှာ စသဖြင့် တွေ့နိုင်တာပေါ့။ ဖီဘိုနာစီ နံပါတ်စဉ်ကို လေ့လာကြည့်ကြရအောင်။