နတ်ပေါက်စီရဲ့သက်ရှည်ဆေး
ဒူဝေဝေရွာနားက တခြားရွာတွေမှာ ကူးစက်ရောဂါတစ်ခု ပျံ့နှံ့နေတဲ့အခါ ဒူဝေဝေရွာက ကလေးတွေဆီကို ဒီကူးစက်ရောဂါကြီး ရောက်မလာအောင် ရွာထဲက လူကြီးတွေ ဘယ်လိုလုပ်ရမယ် မသိတာနဲ့ နတ်ပေါက်စီဆိုတဲ့ နတ်လေး တစ်ပါးဆီမှာ အကူအညီလာတောင်းကြတယ်။ မြောက်ဘက်ပိုင်းက စိမ်းညို့နေတဲ့ တောအုပ်ကြီးထဲမှာနေတဲ့ ဖိုးဖိုးဇီ၀ကဆီ ကလေးတွေ ကျန်းမာသန်စွမ်းအောင်၊ ကူးစက်ရောဂါ ကို ကြိုတင်ကာကွယ်နိုင်အောင် နတ်ပေါက်စီက အကြံသွားတောင်းပါတယ်။ နတ်ပေါက်ဆီရဲ့ ခရီးစဉ်လေးကို ဖတ်ရှုကြပါစို့။